banner image

Titan Ngwe Saung

05 Dec 2026 ~ 05 Dec 2026
05:00 AM - 12:00 AM
VENUE
Ngwe Saung Yacht Club Hotel & Resort
AIM (Always in Motion)
Organizer

Event Details

HISTORY STARTS HERE. This is for those who choose the harder path, who carry doubt, and do it anyway. You're not chasing a result. You're chasing a version of yourself you haven't met yet. Somewhere between the waves, the road, and the heat, you will find it. If you're ready, this is your moment. BECOME TITAN. December 5, 2026 · Ngwe Saung Yacht Club & Resort

Event Agenda

Bib No collection and bike check in

08:00 AM - 04:00 PM

Orientation and video presentation sessions

08:00 AM - 04:00 PM

English Orientation

10:00 AM

Burmese Orientation

11:00 AM

Event Location

Swim

Bike

Run

Event Sponsors

Important Dates


  1. Early Bird Deadline: Aug 31, 2025 or up to 150 registrations
  2. Registration Deadline: Sep 30, 2025 
  3. Expo day - Oct 25, 9am to 4pm
  4. Bike drop off - Oct 25, 6am to 6pm
  5. Race Day: Oct 26, 2025 (Sunday)


Swim Information

Q: Swim က ဘယ်မှာ ကူးရမှာလဲ။

A: Ngwe Saung Yacht Club အရှေ့ဘက်ကမ်းခြေနေရာမှာ

  ကူးရမှာပါ။ ၆၀၀ မီတာရှိတဲ့ ရေကူးပတ်လမ်းမှာ ၂ ပတ်ကူးရမှာပါ။


Q: Q: Swim က ဘယ်လိုကူးရမှာလဲ။

A: 29.3 - Challenger, Solo, Relay ပြိုင်ပွဲဝင်များသည် 600M ရေကူးပတ်လမ်းကြောင်းကို ၂ ပတ်ကူးရမည်ဖြစ်ပြီး၊ Sprint - Solo, Relay ပြိုင်ပွဲဝင်များသည် 600M ရေကူးပတ်လမ်းကြောင်းကို ၁ ပတ်ကူးရမည်ဖြစ်သည်။


Q: ပင်လယ်ထဲမှာ ကူးရမှာဆိုတော့ safe ဖြစ်ရဲ့လား? ဘယ်လိုတွေ ပြင်ဆင်ထားလဲ။

A: ပြိုင်ပွဲဝင်များ လုံခြုံစိတ်ချစွာ ယှဉ်ပြိုင်နိုင်ရန်အတွက် အောက်ပါအတိုင်း အထူးစီစဉ်ထားပါသည်

  • ပြိုင်ပွဲဝင်များ လုံခြုံရေးအတွက် ပြိုင်ပွဲဝင်ပစ္စည်း (Race Kit) တွင် ပါဝင်သော ရေပေါ်ပေါ်စေရန် ကူညီပေးမည့် ရေကူးလေထိုးအိတ် (Swim Buoy) ကို မဖြစ်မနေ ချိတ်ဆွဲအသုံးပြုရပါမည်။
  • Organizer ဘက်မှလည်းကျွမ်းကျင်အသက်ကယ်ဝန်ထမ်းများ (Lifeguards) ထားရှိပေးထားပါတယ်။ ဒါ့အပြင်ကယ်ဆယ်ရေးဘုတ်ပြား (Rescue Board)၊ လှိုင်းစီးဘုတ် (Surf board)၊ မတ်တပ်ရပ်လှော်ဘုတ်ပြား (SUP board)၊ လုံခြုံရေးကြိုး (Safety rope) နှင့် အသက်ကယ်ဘောကွင်း (Floating ring) များဖြင့် ပြိုင်ပွဲဝင်များအား လမ်းကြောင်းတစ်လျှောက် အနီးကပ် စောင့်ကြည့်ကူညီပေးသွားမှာ ဖြစ်ပါတယ်။


Q: ပင်လယ်ထဲမှာ ကူးရမှာဆိုတော့ jellyfish / အကောင်အန္တရာယ် ရောက်နိုင်ခြေရော ရှိလား။ ဘယ်လိုပြင်ဆင်ထားလဲ။

A: ပြိုင်ပွဲမတိုင်ခင် ၁ နာရီအလိုမှာ swim area ကို သေချာ cleaning ပြုလုပ်မှာ ဖြစ်ပါတယ်။ အကယ်၍ ဖြစ်လာခဲ့လျှင်လည်း အမြန်ဆုံး ကုသနိုင်အောင် medical team နဲ့အတူ ဆေးဝါးများလည်း အဆင်သင့် ပြင်ဆင်ထားပါတယ်။


Q: Q: ရေကူးစမှတ်က ဘယ်မှာလဲ။ ဘယ်လမ်းကြောင်းနဲ့ ကူးရမှာလဲ။

A: Ngwe Saung Yacht Club

  ရှေ့ကမ်းခြေကနေ စတင်မှာဖြစ်ပြီး 600M ပတ်လမ်း (Loop) အတိုင်း ကူးရမှာပါ။


Q: ရေကူးရင်း မောလာရင် ဘယ်လိုနားလို့ရမလဲ။

A: Swim route မှာ safety rope နဲ့တွဲပြီး

  Floating Ring လေးတွေ တပ်ထားပေးမှာဖြစ်လို့ board လေးတွေကတစ်ဆင့် ဝင်ပြီး နားလို့ရပါတယ်။


Q: ရေကူးရင်း ကြွက်တက်လာရင် ဘယ်လိုလုပ်ရမလဲ။

A: Race Kits တွင် ရရှိထားသော swim buoy ကို

  ဖက်ထားပြီး Lifeguard များ မြင်သာအောင် လက်ထောင်၍ ဖြစ်စေ ပြရပါမယ်။


Q: ရေကူးနေရာမှာ Direction ဘယ်လိုကြည့်သွားရမှာလဲ?

A: ရေကူးလမ်းကြောင်းကို Turn Buoys (အမှတ်အသား လေထိုးအိတ်များ)၊ လုံခြုံရေးကြိုးတန်းများနှင့် အသက်ကယ်ဝန်ထမ်းများ (Lifeguards & SUP) က အနီးကပ် ညွှန်ကြားပြသပေးသွားမှာ ဖြစ်ပါတယ်။


Q: ရေကူးချိန် မိုးရွာရင် ဘယ်လိုလုပ်မလဲ?

A: ပွဲမစမီ မိုးရွာပါက အချိန်နောက်ဆုတ်မည်ဖြစ်ပြီး၊ ပွဲစတင်ပြီးမှ ရွာပါက ဆက်လက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ သို့သော် လုံခြုံရေးအရ အန္တရာယ်ရှိလာပါက ရေကူးအစီအစဉ်ကို ဖျက်သိမ်းသွားမှာ ဖြစ်ပါတယ်။


Q: ရေကူးချိန် လှိုင်းထလာရင် ဘယ်လိုလုပ်မလဲ?

A: Safety အတွက် သေချာလေး ပြင်ဆင်ထားပါတယ်၊ လှိုင်းအရမ်းကြမ်းလာတဲ့အခါ ပြိုင်ပွဲစတင်ချိန်ကို နောက်ဆုတ်ခြင်း (သို့) ရေကူးရမည့်အပိုင်းအား ဖျက်သိမ်းခြင်းများကိုလည်း organizer ဘက်မှ ပြုလုပ်နိုင်ပါတယ်။


Q: ရေကူးပြီးရင် ရေကူးပစ္စည်းတွေကို ဘယ်မှာထားခဲ့ရမှာလဲ?

A: ရေကူးပြီးပါက မိမိစက်ဘီးရှိရာသို့ တန်းသွားပြီး ရေကူးပစ္စည်းများကို ကြမ်းပြင်ပေါ်မချဘဲ စက်ဘီးဘေးရှိ သတ်မှတ်ပေးထားသောနေရာတွင် ချိတ်ဆွဲထားခဲ့ရပါမယ်။


Q: Changing room ရှိလား?

A: သီးသန့် changing room တော့ စီစဉ်ပေးထားတာ မရှိပါဘူး။


Q: Toilet သွားချင်ရင် ဘယ်မှာ သွားလို့ရလဲ?

A: ပွဲကျင်းပရာနေရာ (Event Area) အတွင်းမှာ Toilet များ စီစဉ်ပေးထားပါတယ်။


Bike Information

Q: Bike က ဘယ်လိုစီးရမှာလဲ U turn ပြန်ကွေ့ရမှာလား။

A: 29.3 မှာ 9KM ကို အသွားအပြန် 4 ခေါက် (36KM) စီးရမှာ ဖြစ်ပါတယ်။ Sprint မှာ 9KM ကို အသွားအပြန် 2 ခေါက် (18KM) စီးရမှာ ဖြစ်ပါတယ်။


Q: လက်ပတ် ပေးအုံးမှာလား?

A: Lap count wristband တော့ မပေးပါဘူး။


Q: Bike Route အခြေအနေ လေး ရှင်းပြပေးပါ။

A: 40% က ကွန်ကရစ်လမ်း၊ 60% ကကျောက်ကြမ်းလမ်း ဖြစ်ပါတယ်။


Q: Helmet မပါလျှင် စက်ဘီးပေးစီးမှာလား။

A: Helmet မပါလျှင် စက်ဘီးပေးစီးမှာ မဟုတ်ပါဘူး။ စီးခဲ့မယ်ဆိုရင်လည်း DNF အဖြစ် သတ်မှတ်မှာ ဖြစ်ပါတယ်။


Q: Bike Bib Sticker နဲ့ Helmet sticker တွေကော မဖြစ်မနေ တပ်ရမှာလား။ မတပ်လို့ရောရလား။

A: Participants တိုင်း မဖြစ်မနေ တပ်ရမှာ ဖြစ်ပါတယ်။ မတပ်လျှင် DNF အဖြစ်သတ်မှတ်မှာ ဖြစ်ပါတယ်။


Q: Transition Zone ထဲမှာ bike က စီးရမှာလား ဆင်းတွန်းရမှာလား။

A: လုံးဝစီးလို့မရပါဘူး၊ ဆင်းတွန်းရမှာပါ၊ စီးခဲ့လျှင် DNF အဖြစ် သတ်မှတ်မှာ ဖြစ်ပါတယ်။ သတ်မှတ်ထားတဲ့နေရာကနေစပြီး စီးရပါမယ်။


Q: Bike အမျိုးအစားရော သတ်မှတ်ချက်ရှိလား။ Road bike or Gravel bike ရလား။

A: Mountain Bike တစ်မျိုးသာ ယှဉ်ပြိုင်ခွင့်ပြုထားပါတယ်။


Q: Bike Mechanic ရှိမှာလား။

A: ရှိပါတယ်။ Transition zone တစ်ခု၊ NSYC မှ 9km အကွာ bike U turn ပြန်ကွေ့မည့်နေရာတွင် တစ်ခုရှိပါမည်။


Q: လမ်းမှာ စက်ဘီးပျက်လျှင် Mechanic လာပြင်ပေးမှာလား။

A: လာမပြင်ပေးပါဘူး၊ Mechanic station နေရာကို ရောက်အောင် တွန်းသွားရမှာပါ။


Q: စက်ဘီးလမ်းမှာ water Station ဘယ်နှစ်ခုရှိမလဲ။

A: U turn ကွေ့ရမယ့် နေရာ နှစ်ခုမှာရှိပါမယ်။


Q: စက်ဘီးလမ်းကြောင်းမှာ Traffic control ရှိမှာလား။

A: ရှိပါတယ်။ volunteers များက traffic control ပြုလုပ်ပေးမှာပါ။


Q: Bike Check in ဘယ်နေ့လုပ်ရမှာလဲ။

A: ပြိုင်ပွဲမတိုင်ခင် တစ်ရက်မှာ ပြုလုပ်ရမှာပါ Date - Dec 4။


Q: Bike အပိုယူလာလို့ရလား။

A: ယူလာလို့ရပါတယ်။ ဒါပေမဲ့ Bike အပိုကိုလည်း check in ပြုလုပ်ပေးရမှာပါ။


Q: စက်ဘီးစီးရင်း accident ဖြစ်ရင် medical case ဘယ်လိုပြင်ဆင်ထားလဲ။

A: Medical team & Ambulance stand by ထားရှိပေးထားပါတယ်။


Q: Route တွေ မတွေ့ရင် Direction sign တွေ ထားပေးမှာလား။

A: Direction signs ထားရှိပေးမည့်အပြင် ဒေသခံ volunteers များကလည်း လမ်းညွှန်ပေးမှာ ဖြစ်ပါတယ်။


Q: လမ်းမှာ toilet သွားချင်ရင် ရော။

A: Toilet သွားလို့ရမယ့် နေရာလေးတွေကို signage လေးတွေနဲ့ ပြပေးထားမှာပါ။


Q: Transportation စီစဉ်ပေးမှာလား။

A: Partner ဖြစ်တဲ့ tour company ကနေပြီးတော့ စီစဉ်ပေးနိုင်ဖို့အတွက် ပြင်ဆင်နေပါတယ်။ မိမိအစီအစဉ်နဲ့ လာလည်နိုင်ပါတယ်။


Q: စက်ဘီးကို ဘယ်လိုသယ်လာရမှာလဲ။

A: Travel partner company ဘက်က ပြင်ဆင်ပေးနိုင်ဖို့ စီစဉ်နေပါတယ်။ အချိန်နဲ့တပြေးညီ information ထုတ်ပြန်ပေးမှာပါ။ မိမိအစီအစဉ်နဲ့ သယ်လာလည်းရပါတယ်။


Q: စက်ဘီး တာယာ size ဘယ်လောက် သတ်မှတ်ထားလဲ။ A:



Run Information

Q: Run အတွက် Water Stations ဘယ်နေရာတွေမှာ ရှိမှာလဲ။

A: U Turn နေရာတွေမှာ ရှိမှာပါ။


Q: Direction အတွက် ဘယ်လိုပြင်ဆင်ပေးမှာလဲ။

A: Direction Sign တွေ၊ Volunteers တွေပြင်ဆင်ပေးထားပါတယ်။


Transition Area

Q: မိသားစုဝင်များ သို့မဟုတ် သူငယ်ချင်းများသည် Transition Area ထဲသို့ ဝင်ရောက်နိုင်ပါသလား?

A: Transition Area သည် ပြိုင်ပွဲဝင်များအတွက်သာ သီးသန့်သတ်မှတ်ထားသော နေရာဖြစ်ပြီး လုံခြုံရေးနှင့် ပြိုင်ပွဲစည်းမျဉ်းများအရ မိသားစုဝင်များ၊ သူငယ်ချင်းများနှင့် ပရိသတ်များ ဝင်ရောက်ခွင့်မရှိပါ။


Q: ပြိုင်ပွဲဝင်များသည် Transition Area အတွင်း စက်ဘီးစီးနိုင်ပါသလား?

A: ပြိုင်ပွဲဝင်များသည် Transition Area အတွင်း စက်ဘီးကို လက်ဖြင့်တွန်း၍သာ သွားလာရမည်ဖြစ်ပြီး Mount Line ကိုကျော်လွန်ပြီးမှ စက်ဘီးစီးခွင့်ရှိပါသည်။ အပြန်တွင်လည်း Dismount Line တွင် စက်ဘီးမှဆင်းပြီး Transition Area အတွင်းသို့ လက်ဖြင့်တွန်း၍သာ ဝင်ရောက်ရမည်ဖြစ်ပါသည်။


Q: Transition Area အတွင်းထားရှိသော တန်ဖိုးရှိပစ္စည်းများသည် လုံခြုံမှုရှိပါသလား?

A: Transition Area ကို ပြိုင်ပွဲတာဝန်ရှိသူများက စောင့်ကြည့်ထိန်းသိမ်းပေးသော်လည်း တန်ဖိုးရှိပစ္စည်းများ (ဥပမာ - ဖုန်း၊ ပိုက်ဆံအိတ်၊ လက်ဝတ်ရတနာ စသည်) ကို Transition Area တွင် မထားရှိရန် အထူးအကြံပြုပါသည်။ ပစ္စည်းပျောက်ဆုံးခြင်း သို့မဟုတ် ပျက်စီးခြင်းများအတွက် ပြိုင်ပွဲစီစဉ်သူများမှ တာဝန်ယူမည်မဟုတ်ပါ။


Media Information

Organizer ၏ ခွင့်ပြုထားသော media team များသာ ပါဝင်ခွင့်ရှိသည်။


Media Team အနေဖြင့် ပါဝင်လိုပါက အောက်ပါပေးထားသော ဖုန်းနံပါတ်ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်

ရှင်/ခင်ဗျာ။


09677988529


Safety Tips



  1. Swim buoy ဝတ်ဆင်ရမည် ။
  2. Swim cap ဝတ်ဆင်ရမည် ။
  3. ရေကူဝတ်စုံဖြင့် ရေကူးရမည်။
  4. Swim goggles ဝတ်ဆင်ရမည် ။
  5. ရေကူး direction အတိုင်းသွားရမည်။ turn buoy တွင်ပြထားသော direction ကိုကြည့်ပြီးရေကူးရမည်။
  6. ရေကူးနေစဉ်အတွင်း မသက်သာလျှင် (သို့) အနာတရာယ်တစ်စုံတစ်ရာ ဖြစ်ပေါ်ပါက မိမိဆီတွင်ရှိသော swim buoyကို အသုံးပြု၍ နားနေနိုင်သည်။ ထို့အပြင် volunteer များ၏ အကြောင်းအရာပြချက်များကို လည်း နားထောင်ရမည်။
  7. ရေကူးပြီးနောက် မူးဝေခြင်း ဖြစ်ပါက ရေများများ သောက်ပါ။
  8. စက်ဘီးစီးရာတွင် လမ်း၏ ညာဘက်အစွန်းမှ စီးပါ။ ကျော်တက်လျှင် လမ်းရှင်မရှင် ကြည့်ပြီးမှ ကျော်တတ်ပါ။
  9. လမ်းညွှန် volunteer များ၏ ညွှန်ကြားချက်များကို ဂရုပြု နားထောင်ပါ။
  10. စက်ဘီးလက်ကိုင်အား လုံလောက်စွာ လွှတ်၍ စီးခြင်းအား ရှေ့ဆက်ပါ။
  11. ပြေးရာတွင်လည်း လမ်း၏ ညာဘက်အစွန်းမှ ပြေးပါ။ ကျော်တက်လျှင် လမ်းရှင်မရှင် ကြည့်ပြီးမှ ပြေးပါ။



  1. You must wear a swim buoy, swim cap, and swim goggles.
  2. You must wear proper swimwear.
  3. Follow the swimming direction and pay attention to the signs on the turn buoys.
  4. If you get a cramp or face any danger while swimming, use your swim buoy to rest and signal a volunteer for help.
  5. If you feel dizzy after swimming, make sure to drink plenty of water.
  6. When cycling, stay on the far right side of the road. Check if the road is clear before overtaking.
  7. Pay close attention to the instructions given by the volunteers.
  8. Do not ride your bike with your hands off the handlebars.
  9. When running, stay on the far right side of the road. Check if the road is clear before overtaking.

Frequently Asked Questions

A: 29.3 Challenger, 29.3 Solo, 29.3 Relay, Sprint Solo and Sprint Relay ဆိုပြီး 5 မျိုးရှိပါတယ်။
© 2026 Eventickat — A product of Stride Solutions Co., Ltd. Registered in Myanmar.